ချာလီ အက်ဒို မဂ္ဂဇင်း တိုက် ထဲ ၀င်ပစ် သွား တဲ့ သေနတ်သမား တွေ ကို တောနင်း ရှာဖွေ
ပြင်သစ် နိုင်ငံ ပါရှိ မြို့ မှာ အခြေစိုက် တဲ့ သရော်စာ တွေ ရေးသား ထုတ်ဝေတဲ့ မဂ္ဂဇင်း
တစ်စောင် ဖြစ်တဲ့ ချာလီ အက်ဒို  (Charlie Hebdo) မဂ္ဂဇင်း တိုက် ကို ၀င်ရောက် ပစ်ခတ်
သွား တဲ့ သေနတ် သမား သုံးဦး ကို ပြင်သစ် နိုင်ငံ အရှေ့  မြောက်ပိုင်း က Remis ဆိုတဲ့
မြို့ မှာ ရှာ ဖွေ နေ ကြ ပြီ ဖြစ်ပါတယ်။
သမား နှစ်ဦး ဟာ အသက် ၃၄ နဲ့  ၃၂ နှစ် အရွယ် ညီအကို နှစ် ဦး ဖြစ် ပြီး အသက် ၁၈ နှစ်
အရွယ် အိမ်ယာမဲ့ လူငယ် တစ်ဦး လည်း ပါဝင် တယ် လို့  ပြောပါတယ်။
ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် ပြင်သစ် လူမျိုး
တွေ တုန်လှုပ်သွား မှာ မဟုတ် ဘူး လို့  ပြောပါတယ်။ ကြာသပတေး နေ့ ကို လည်း ပြင်သစ်
နိုင်ငံ တ၀ှမ်း လုံး ၀မ်းနဲ ကြေကွယ် ဖွယ် နေ့ လုပ် ဖို့  သတ်မှတ် ထား ပါတယ်။
ပင်သစ် နိုင်ငံ ပါရီ မြို့  က သရော်စာ တွေ ရေးသား ပုံနှိပ် ထုတ် ဝေ တဲ့ ချာလီ ဟဘ်ဒို သတင်းစာ
တိုက်ကို သေနတ် သမား သုံးဦး က ချေမှုန်း ရေး ရိုင်ဖယ် တွေ နဲ့  ၀င်ရောက် ပစ်ခတ် သွား လို့ 
ထင်ရှား တဲ့ ကာတွန်း ဆရာ လေးဦး ၊ ဘောဂ ဗေဒ ဆိုင်ရာ အယ်ဒီတာ နှစ်ဦး ၊ ရဲနှစ်ဦး အပါအ၀င်
၁၂ ဦး သေဆုံး ပြီး ၁၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ ခဲ့ ပါတယ်။
အကြမ်းဖက် သမား တွေ က တမန်တော် အတွက် လက်စားချေတယ် လို့  ပြော ပြီး သတင်းစာ
တိုက် က အထွက် လမ်းပေါ် မှာ ပါ ဆက်လက် ပစ်ခတ် ခဲ့ ပါတယ်။ ပြင်သစ် သမ္မတ ဖရန်ဆွာ
အော်လန်း က ပြင်သစ် နိုင်ငံ ကို အမြင့် ဆုံး တပ်လှန့် ထား ပြီး လုံခြုံရေး တိုး မြှင့် ချ ထားပါတယ်။
AK 47 ကို ကိုင်ဆောင်ထားတဲ့ သေနတ် သမား တွေ ဟာ အလာ အက္ကဘာ ဘုရားသခင် သာ
အကြီး မြတ် ဆုံး လို့  ဟစ်ကြွေး ပြီး လက်နက် မဲ့ တွေ ကို ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။ အသက်
၃၀ကျော် နှစ်ဦး နဲ့  ဆယ်ကျော် သက် အရွယ် သေနတ် သမား တစ်ဦး ကို ပြင်သစ် ရဲ တပ် ဖွဲ
့ က လိုက်လံ ရှာ ဖွေ နေ ပြီ ဖြစ်ပါတယ်။ သေနတ် သမား တစ်ဦး ရဲ့ မှတ်ပုံ တင် ကဒ် ပြား ကို
ရဲ က မော်တော်ကားထဲ က နေ ရှာ ဖွေ ရရှိတာ ဖြစ်ပါတယ်။
ချာလီ ဟဘ်ဒို သတင်းစာ တိုက်ဟာ ၂၀၁၁ ခုနှစ် မှာ မီးလောင်ဗုံး နဲ့  တိုက်ခိုက်ခံ ခဲ့ ရ ပြီး
အင်တာနက် ၀ဘ်ဆိုတ် ကို လည်း တိုက်ခိုက်ခံခဲ့ ရပါတယ်။ ချာလီ ဟဘ်ဒို ဟာ အကြမ်းဖက်
သမား တွေ ရဲ့  ပစ်မှတ် ထား ခံ ရတဲ့ ဥရောပ သတင်းဌာ န တစ်ခု လည်း ဖြစ်ပါတယ်
Advertisements