အော်စကာ တစ်ကြို စာရင်း မှာ Birdman နဲ့  The Grand Budapest Hotel ဆု တွေ အများကြီး နဲ့  ဦးဆောင်

နှစ်စဉ် ချီး မြှင့် တဲ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆု အတွက် အော်စကာ တစ်ကြို စာရင်း
တွေ ကို အမေရိကန် ရုပ်ရှင် ၀ိဇ္ဇာ နဲ့  သိပ္ပံ အသင်း ကြီး က ဒီနေ့ မှာ ထုတ် ပြန်လိုက်ရာ
အကောင်းဆုံး ဇာတ်ကား တွေ အဖြစ် Birdman”  ၊ “The Grand Budapest Hotel” ၊
“The Imitation Game” ၊  “Boyhood” ၊  “American Sniper” ၊  “Whiplash”၊  “Interstellar”
“Foxcatcher”   ဇာတ်ကား တွေ က အကောင်းဆုံး ဇာတ်ကား ဆု လျှထားခံ ရ ပါတယ်။

အကောင်းဆုံး ဇာတ်ကား တွေ အဖြစ် လည်း ဆုလျှာ ထား ခံရတဲ့ Birdman နဲ့  The Grand Budapest
Hotel ဇာတ်ကား တွေ က ရုပ်ရှင်တည်း ဖြတ်ဆု လို မျိုး စက်မှု ဘက်ဆိုင်ရာ ဆုတွေ အပါ အ၀င် ဆု
ပေါင်း ၉ ဆု လည်း လျှာထားခံ ရ ပါတယ်။

ဒါရိုက်တာ Alejandro González Iñárritu ကBirdman ဇာတ်ကား နဲ့  ၊ ဒါရိုက်တာ ရစ်ချတ် လင့်လိတ်တာ
က Boyhood ဇာတ်ကား နဲ့  ၊ Bennett Miller က Fox Catcher ဇာတ်ကား နဲ့  Wes Anderson က
The Grand Budapest Hotel ဇာတ်ကား နဲ့  Morten Tyldum က The Imitation Game ဇာတ်ကား
နဲ့  အကောင်းဆုံး ဒါရိုက်တာ ဆု တွေ လျှာ ထားခံ ရတာ ဖြစ်ပါတယ်။

ဒီနှစ် ဆုလျှာ ထား ခံ ရသူ တွေ ထဲ မှာ လူမည်း သရုပ်ဆောင် တွေ မပါ လို့  ဝေဖန် မှု တွေ ရှိ ပြီး
အကောင်းဆုံး ဇာတ်ကား ဆု အဖြစ် ဝေဖန် ရေး ဆရာ တွေ ရဲ့ တစ်ကြို သတ်မှတ် ခြင်း ခံရ
တဲ့ GoneGirl လို ဇာတ်ကား မပါ ရှိ တဲ့ အတွက် ၊ ဂျနဖီ အနစ္စတန် ဟာ Cake ဇာတ်ကား
မှ သရုပ်ဆောင် ကောင်း ပေမယ့် ဆုလျှထား မှု မှာ မပါ တဲ့ အတွက် လည်း အော်စကာ ဆု ချီး
မြှင့် ရေး အဖွဲ့ ဟာ ဝေဖန် ခံ ရ ပါတယ်။

အကောင်းဆုံး ဇာတ်ဆောင် မင်းသား ဆု မှ စတိဗ် ကာရယ်(လ) က Fox Catcher နဲ့  မိုက်ကယ်
ကီတန် က Birdman နဲ့  ဗြိတိသျှ သရုပ်ဆောင် Benedict Cumberbatch က “The Imitation Game”၊
ဘရက်ဒလေ ကူး ပါး က American Sniper နဲ့  Eddie Redmayne က The Theory of Everything”
ဇာတ်ကား နဲ့ ဆုလျှာထားခံ ရ ပါတယ်။

အကောင်းဆုံး ရှပ်ရှင် ဓာတ်ပုံ ဆု လျှထား ခံရတဲ့ ဇာတ်ကား တွေ ကတော့  Birdman ၊ Unbroken ၊ Ida,
The Grand Budapest Hotel  နဲ့  Mr Turnner တို့  ဖြစ်ပါတယ်။

Dick Pope က The Illusionist ဇာတ်ကား နဲ့  ဆု လျှားထား ခံ ခဲ့ ဖူး ပြီး ၊ Roger Deakins က ဆု
၁၂ ကြိမ် လျှားထားခံ ရ ပါတယ်။ Bird Man ရုပ်ရှင် ရဲ့  DP ဖြစ်တဲ့
Emmanuel Lubezki ကတော့ မနှစ် က Gravity နဲ့  အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံ ဆိုင်ရာ ထူးချွန်
ဆု ကို ရရှိခဲ့ ပါတယ်။

ကီရာ နိုက်တလေ ၊ အမ်မာ စတုန်း နဲ့  ပက်ထရစ်ရှာ အာကတ် တို့  က တော့ အကောင်းဆုံး ဇာတ်ပို့ 
မင်းသမီး ဆု လျှာထားခံ ရ ပါတယ်။

Advertisements