ခေါင်းဖြတ် ကွပ်မျက် ခြင်း မတိုင်ခင် စိတ်လှုပ်ရှား အော်ဟစ်နေတဲ့ မြန်မာ မွတ်ဆလင် အမျိုး သမီး ရဲ့  ဗီဒီိယို ဆော်ဒီ က နေ တစ်ကမ္ဘာ လုံး ကို ပျံ့ 
ခင်ပွန်း ရဲ့  သား ဖြစ်သူ ကို သတ်တယ်လို့  ရှီယီယား ဥပဒေ က ဆုံးဖြတ် ချက် ကြောင့်
ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို ဟာ နိုင်ငံ တကာ ကို ပျံ့  နှံ့ သွား ပါတယ်။
မြန်မာ မွတ်ဆလင် အမျိုး သမီး ရဲ့ အော်ဟစ် ငိုယိုသံ ၊ ကလေး ကို သူမသတ် ကြောင်း ၊
ငါ နင် တို့  ကို ခွင့် မလွှတ်ဘူး ၊ ဒါ တရားမမျှ တဘူး
ဆို ပြီး အော်ဟစ် နေ ချိန် မှာ ပဲ ပါးကွက် သား က လည်ပင်း ကို ဓါးနဲ့  တိခနဲ
လှီးချ လိုက် ပြီး ငြိမ်သက် သွားတာ ကို ဗီဒီယိုမှာ ဖော်ပြထား ပါတယ်။
ဆော်ဒီ သတင်း ဌာန ကို သတင်း ထုတ်ပြန် တာ ကို ကိုးကား ပြီး ဂျပန် ဂျီဂျီ နဲ့ 
အေအက်(ဖ)ပီ သတင်း မှာ  Lalia bint Abdul Muttablib Basim ဆို တဲ့ မြန်မာ
မိန်းကလေး ငယ် ကို သတ်ဖြတ် ခဲ့ တဲ့ပစ်မှု ထင်ရှား တယ် လို့  ထုတ်ပြန်ထားပါတယ်။
ပြစ်ဒဏ် ချ မှတ် ခံ ထား ရတဲ့ အမျိုး သမီး ကို နောက်ဆုံး သတ် ဖို့  အတွက်
ဝတ်ရုံ ဖြူ နဲ့  ပါးကွက် သား က ဓါးနဲ့  ခုတ် လိုက် ချိန် မှာ သူ မ က ငါ့ မသတ် …
လို့  သာ အော်နိုင် ခဲ့ ပြီး ဓားချက် ကြောင့် ကျန် ရှိ နေ တဲ့ အသက် နဲ့  နောက်ဆုံး
အား လို့  အော် ပြီး ငြိမ်သက် သွား တာ ကို ဗီဒီယို မှာ တွေ့  နိုင် ပါတယ်။
အမေရိကန် ရဲ့ အရင်းနှီးဆုံး  အာရပ် နိုင်ငံ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား မှာ
လူသတ်မှု  ၊ မူးယစ်ဆေးဝါးမှု ၊ ဘာသာရေး ကို ဝေဖန် ပုတ်ခတ်မှု ၊ ဓားပြမှု ၊
မုဒိမ်းမှု တွေ ဟာ သေဒဏ် အပြစ် ပေးခွင့် ရှိ ပါတယ်။
ဆော်ဒီ ရောက် မြန်မာ မွတ်ဆလင် အမျိုး သမီး ဟာ ၂၀၁၅ ခုနှစ် မှာ
ခုနှစ်ယောက် မြောက် သေဒဏ် အပေးခံ ရတာ ဖြစ်ပါတယ်။
ဆော်ဒီ က မြန်မာ သံရုံး က တော့ မြန်မာ ဖြစ်ကြောင်း သက်သေ
အထောက်အထား သူတို့  မှာ ပြည့်ပြည့် ၀၀ မရှိ ဘူးလို့  AFP ကို ပြောပါတယ်။
ဗီးယား အစိုးရ ကို တက်ကြွ လှုပ်ရှား သူ တွေ နဲ့  အမျိုး သမီး အခွင့် အရေး လှုပ်ရှား
သူ တွေ က ဝေဖန်ကြ ပါတယ်။
Advertisements