မဖြိုးဖြိုး အောင် နဲ့  ကျောင်းသား တွေ ကို ပြန်လွှတ်ပေး ဖို့  သမ္မတ ဟောင်း ဂျော့ဘုရှ် ဇနီးမောင် နှံ ကြေငြာ ချက် ထုတ် ပြန်
မြန်မာ နိုင်ငံ ပဲခူးတိုင်း လက်ပံတန်း မြို့ မှာ ပညာရေး ပြု ပြင် ပြောင်းလဲ ဖို့  အတွက် တောင်းဆို ကြတဲ့
ကျောင်းသား တွေ ကို အကြမ်းဖက် နှိပ်စက် လူစု ခွဲ ပြီး ဖမ်းဆီးထား တဲ့ ကျောင်းသား ၊ ကျောင်းသူ
ပြည်သူ တွေ ကို ပြန် လွှတ်ပေး ဖို့  အတွက် အမေရိကန် သမ္မတ ဟောင်း ဂျော့ ဒဗလှု ဘုရှ် ဇနီးမောင်
နှံ က တောင်း ဆို လိုက် ပါတယ်။
သမ္မတဟောင်း ဘုရှ် ဦးစီး တည်ထောင် ထား တဲ့ ဘုရှ် အင်စတီ ကျု ရဲ့ လွတ်လပ် မှု နဲ့  ခေါင်းဆောင်မှု
ဆိုင်ရာ ဆွေးနွေး ပွဲ တွေ ကို တက် ရောက် ခဲ့ တဲ့ ဗမာ နိုင်ငံ လုံး ဆိုင် ရာ ကျောင်းသား သမဂ္ဂ အတွင်း
ရေးမှု မဖြိုးဖြိုး အောင် နဲ့ ဖမ်းဆီး ခံ ရ သူ တွေ ပြန် လွှတ်ပေး ဖို့  သမ္မတ ဟောင်း က တောင်းဆိုတာ ဖြစ်
ပါတယ်။
ကြာသပတေး နေ့  က ထုတ် ပြန်တဲ့ ကြေငြာ ချက် မှာ သမ္မတ ဟောင်း ဇနီးမောင်နှံ က ဖြိုးဖြိုးအောင်
နဲ့  ကျောင်းသား တွေ ငြိမ်းချမ်းစွာ ဆန္ဒ ပြ တာ ကို အကြမ်းဖက် ဖြို ခွဲ ခဲ့ တဲ့ အတွက် အတော်ပဲ စိုးရိမ်
မိတဲ့ အကြောင်း ဖော် ပြထား ပါတယ်။
မဖြိုး ဖြိုး အောင် ၊ ကိုမင်းသွေးသစ် အပါအ၀င် ကျောင်းသား ပြည်သူ ၁၂၀ ကျော် ဟာ အင်္ဂါ နေ့  က အဖမ်း
ခံ လိုက် ရတာ ဖြစ်ပါတယ်။
ကျောင်း သား ခေါင်းဆောင် တွေ ဖြစ်တဲ့  ကို သီဟဝင်းတင်၊မ ဟန်နီဦး၊ မိုးထက်နေ နဲ့  ခက်ညီညီအောင်
တို့  ကို ရဲတပ် ဖွဲ့ ၀င် တွေ က ဖမ်းဆီး သွား တယ်လို့ FNG က သတင်း ရရှိ ပါတယ်။ 
Photo by Gemunu Amarasinghe/AP
Advertisements