ဖမ်းဆီးထား တယ် လို့  ခိုင်လုံ တဲ့ သတင်း တွေ ထွက် နေ တာ ကြောင့် လွှတ်တော် ဥက္ကဌ အဖြစ် ပြန် တွေ့  ဖို့  မလွယ် တော့
ပါတီ ဥက္ကဌ ရာထူး ကနေ သြဂုတ်လ ၁၂ ရက်ေ န့ ည မှာ အင်အား သုံး ပြီး ဖယ် ရှား ခံ လိုက်
ရတဲ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဟာ သူ့ နေ ပြည်တော် နေ အိမ် က နေ အခြား
တစ်နေ ရာ ကို ပို့  ဆောင်ခံ ထား ရ တယ်လို့  သတင်း တွေ ထွက် နေ ပါတယ်။
သူရ ဦးရွှေမန်း  နေ အိမ် အနီး မှာ လက်နက် ကိုင် လုံခြုံ ရေး အစောင့် အ ကျပ် တွေ
ထူ ထပ် စွာ ချထား သလို  FNG ကို သတင်း ပေး ပို့  သူ တစ်ဦး က လည်း ရဲ တွေ က
” ဦးရွှေမန်း ဒီမှာ မရှိ ဘူး ၊ ခင် ဗျား တို့  လည်း ဒီမှာ ကြာကြာ မနေ နဲ့  အန္တရာယ်
များ တယ်” လို့  ပြောပါတယ်။
မနေ့  ညနေ ပိုင်း က အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး လောက် ချမ်းသာ နေ ပြီ ဖြစ်တဲ့
သူ့ ရဲ့ သား နှစ် ယောက် ကို စီးပွား ရေး နဲ့ နိုင်ငံ ရပ် ခြား ကုန် သွယ် မှု ဆိုင် ရာ စစ်ဆေး
မေး မြန်း ဖို့  အတွက် စရဖ က ခေါ် ဆောင် သွား တယ် လို့  သတင်း ရရှိ ပါတယ်။
ဦးရွှေမန်း မိသားစု တွေ ပိုင် တဲ့ ရန်ကုန် က ဧရာရွှေမြေ ကုမ္ပဏီ ကို လည်း မနေ့  ညနေ
က အထူးစုံစမ်းထောက်လှမ်းရေး က ၀င်ရောက် စစ်ဆေး ပြီး မှတ်တမ်း အ ချို့ ကို
ယူဆောင် သွားတယ် လို့  သိရ ပါတယ်။
သူ့ ရဲ့ သား ဖြစ် သူ တွေ ပိုင် တဲ့ RedLink ကုမ္ပဏီ နဲ့  ချ ယ်ရီ FM ကို မှာ လက်နက်
ကိုင် တပ် ဖွဲ့ တွေ ချ ထား ပါတယ်။
RedLink ဟာ ဗိုလ်ချုပ် ကြီး ခင်ညွန့်  ရဲ့ သား တွေ ထူထောင်ခဲ့ တဲ့ Bagan CyberTech
ကို သိမ်းယူထား တာ ဖြစ်ပါတယ်။
သြဂုတ် လ ၁၂ ရက်နေ့  ည ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီ အစည်း အဝေး လုပ် ရာ မှာ
ဦးရွှေမန်း က တခြား ပါတီ ၀င် တွေ ရဲ့ အဆို ပြု  ချက် ကို လက်မခံ နိုင် ဘဲ ငြင်းဆန် ရာ
ခေါ်ဆောင် သွား တာ ဖြစ်ပါတယ်။
ကြံ့  ခိုင်ရေး ပါတီ ခေါင်းဆောင် တစ်ဦး က သူရ ဦးရွှေမန်း ကို အာဏာ အလွဲသုံးစား လုပ်မှု ၊
လာဘ်စားမှု ၊ ငွေကြေး ခ၀ါ ချမှု ၊ မသမာ မှု တွေ နဲ့ တရား စွဲ ဆို ဖို့  ရှိ တယ် လို့  ပြောပါတယ်။
သူရ ဦး ရွှေမန်း နဲ့  အတူ သူ့ ရဲ့ ရဲ မှုး နဲ့  ပါတီ ၀င် ဆယ် ဦးလောက် ကို လည်း ထိမ်းသိမ်းထား
တယ် လို့  သိရ ပါတယ်။
သူရ ဦးရွှေမန်း ဟာ မြန်မာ နိုင်ငံ ကို စစ်တပ် အာဏာရှင် စနစ် နဲ့  အုပ် ချုပ် ထား ချိန် မှာ တတိယ
မြောက် သြဇာ အာဏာ အရှိ ဆုံးသူ တစ်ယောက် ဖြစ် ခဲ့ ပြီး စစ်ထောက်လှမ်း ရေး အကြီး အကဲ
ဗိုလ် ချုပ်ကြီး ခင်ညွန့်  နဲ့ အဖွဲ့ ကို ဖယ်ရှား ချိန် မှာ အရေး ပါတဲ့ နေရာ ကနေ ပါဝင် ခဲ့ ပါတယ်။
အခု တော့ သူ လည်း အရင် လို  ၀တ်စုံ ကြီး ၀တ် စလွယ် ၊ ခေါင်းပေါင်း စတာ တွေ နဲ့  လွှတ်
တော် မှာ ပြန် တွေ့ ရ ဖို့  မဖြစ် နိုင် တော့ ပြီ လို့  လေ့လာသူ တွေက သုံး သပ် ကြ ပါတယ်။
သမ္မတ ဦးသိန်းစိန် ဟာ ရွေးကောက် ပွဲ အတွက် လွှတ်တော် ကို ဖျက် သိမ်း နိုင် ဖွယ် ရှိ တယ် လို့ 
လဲ သတင်း ရရှိ ပါတယ်။
လက်ရှိ မှာတော့ ပါတီ ဥက္ကဌ ရာထူး ကို ဦးသိန်းစိန် နဲ့  ဦးဌေး ဦး တို့  က ယူထား ပြီး မကြာခင် က
စစ်တပ် က နေ အငြိမ်းစား ယူထား တဲ့ ဗိုလ်ချုပ် ကြီး လှဌေးဝင်း လည်း ပါတီ ဥက္ကဌ နေ ရာ ကို
ဆက်ခံ နိုင် ဖွယ် ရှိ တယ် လို့ သတင်း ရရှိ ပါတယ်။
Advertisements