ရုရုား လေကြောင်း တိုက်ခိုက်မှု ကြောင့် ဆီးရီးယား အရပ်သား တွေ နဲ့  ကလေး ငယ် တွေ ပါ သေ

ရုရှား တိုက်လေ ယာဉ် တွေ အဓိက ပစ်မှတ် ထား ပြီး တိုက်ခိုက် နေတာ ISIS စစ်သွေးကြွ
အကြမ်း ဖက် သမား တွေ ရဲ့ ခြေကုပ်စခန်း တွေ မဟုတ် ဘဲ ဆီးရီးယား သမ္မတ ဘာရှား အယ်(လ)
အာဆဒ် ကို တော်လှန် နေတဲ့  အမေရိကန် က လေ့ကျင့် ပေးထားတဲ့ Free Syrian Army ရဲ့
စစ်စခန်း တွေ ကို ဖြစ်တယ် လို့  ဆီးရီးယား တက်ကြွ လှုပ်ရှား သူတွေ က ပြောပါတယ်။

ရုရှား ရဲ့ နှစ် ရက် မြောက် လေ ကြောင်း ထိုးစစ် မှာ ရုရှား ကာကွယ် ရေး ၀န်ကြီး က IS စစ်သွေးကြွ
တွေ ကို သာ ပစ်မှတ် ထား ပြီး တိုက်ခိုက်တာ မဟုတ် ဘူး လို့  ပြော ပါတယ်။

စစ်သွေးကြွ တွေ ကို တိုက်ခိုက် ဖို့  အီရန် က လည်း ဆီးရီးယား နိုင်ငံ ထဲ ကို မြေပြင် တပ်ဖွဲ့ တွေ
လွှတ် မယ် ပြော ပြီး ဆီးရီးယား နဲ့  လက်ဘနွန် ထဲ က ဟဇ်ဘိုလာ လက်နက် ကိုင် တွေ က လည်း
ဆီးရီးယား နိုင်ငံ ထဲ ကို ၀င်ရောက် တိုက်ခိုက် မယ် လို့  ပြော ပါတယ်။

ဆီးရီးယား က လာတဲ့ သတင်း တွေ အရ တော့ ရုရှား ရဲ့ မဆင်မခြင် လေကြောင်း တိုက်ခိုက် မှု
ကြောင့် အရပ်သား နဲ့  ကလေး ငယ် တွေ ပါ သေဆုံး တယ် လို့  ဆိုပါတယ်။

အမေရိကန် ဦးဆောင် ပြီး နေတိုး တပ်ဖွဲ့ တွေ ၊ ပင်လယ် ကွေ့ တပ်ဖွဲ့ တွေ ပါ ပါဝင် တဲ့ မဟာမိတ်
တပ် တွေ က မနှစ် က တည်း က လေကြောင်း က နေ IS တပ် တွေ ကို ထိုးစစ်ဆင် နေတာ ဖြစ်ပါတယ်။

ဆီးရီးယား  လေကြောင်းထိုးစစ်မှာ ရုရှား က တိုက်လေယာဉ် ၅၀ လောက် ပါဝင် တိုက်ခိုက်နေတာ
ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ရုရှား ရဲ့ အာဆဒ် ကို ကျောထောက်နောက်ခံ ပေး တဲ့ တိုက်ခိုက်မှု ကို
အမေရိကန်၊ ပြင်သစ် ၊ သြစတေးလျှ နိုင်ငံ တွေ က အပြင်း အထန် ကန့် ကွက်နေ ကြ ပါတယ်။

Advertisements