ဗကသ ဥက္ကဌ ကိုကျော်ကိုကို နှင့် တက်ကြွလှုပ်ရှားသူ များ ကို ဖမ်းဆီး
ဗမာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့ ချုပ် ဥက္ကဌ ကိုကျော်ကိုကို
အား ယနေ့  နေ့  လည်း ၁၂ နာရီ ခန့်  က ရန်ကုန် မြို့ သင်္ယန်း ကျွန်း မြို့ နယ် စံပြဈေး
အနီး တွင် အရပ်ဝတ် စစ်ထောက် လှမ်းရေး များ မှ ဖမ်းဆီး ခေါ် ဆောင် သွား ကြောင်း
FNG မှ သတင်း ရရှိသည်။
ကိုကျော်ကိုကို နှင့် အတူ အခြား တက်ကြွ လှုပ်ရှား သူ နှစ် ဦး လည်း တစ်ပြိုင် နက် တည်း
ဖမ်းဆီး ခံရသည် ဟု သိရသည်။
ယနေ့ နံနက် အစောပိုင်း က NLD ပါတီ ၀င် ဟောင်း နှစ်ဦး နှင့် ကျောင်းသားများလွတ်မြောက်
ဝါ ကျွတ် သီတင်း ကာလ အတွင်း ယခင် NLD ပါတီ တည်ထောင်သူ တစ်ဦး ဖြစ်သည့် ဗိုလ်
မှုးကြီး (ကာနယ်) ကြည်မောင် ၏ ကျန် ရစ် သူ ဇနီး အား သွားရောက် ကန် တော့ သည့်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အရေး ကြီး သည့် အိတ်ပိတ်
ပေးစာ တစ်ခု ကို လှို့ ဝှက် သွားရောက် ပေး အပ် သူ တက်ကြွ လှုပ်ရှား သူ တစ်ဦး သည်
ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ် ရိပ်သာ လမ်း အနီး တွင် ၎င်း စီးနင်း လိုက် ပါ လာ
သည့် အငှားယာဉ် ကို ပိတ် ဆို့  ပြီး ဖမ်းဆီးခဲ့သည်။
ဗမာ့ တော်လှန်ရေး အစောင့်တပ် ပူးတွဲ တည်ထောင်သူ ကိုထင်လင်းထွန်း နှင့် ၁၉၉၈
ကျောင်းသား လှုပ်ရှား မှု အဖွဲ့  ၀င် ဟောင်း တစ်ဦး မှာ မူ ရန်ကင်း မြို့ နယ် တွင် နံနက်
အစောပိုင်း က ဖမ်းဆီး ခံ ရသည် ဟု သိရှိရသော် လည်း အတည် ပြု ၍ မရရှိသေးပါ။
ကိုကျော်ကိုကို နှင့် တက်ကြွ လှုပ်ရှား သူ များ သည် ယနေ့ နံနက် တွင် ဖမ်းဆီးထား
သည့် ကျောင်းသား များ လွတ်မြောက် ရေး အတွက် လှုပ်ရှား မှု ပြု လုပ် ရန်စီစဉ် ထား
စဉ် တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 
ဓာတ်ပုံများ  – The Voice ဂျာနယ် မှ ရယူပါသည်။
387256_328739653812967_158797964140471_1169628_2124339389_n
Advertisements