ပါရီ အကြမ်းဖက်မှု မှာ အဓိက ကျ တဲ့ ဆာလာ ကို ရှာမတွေ့ သေး

နိုဝင်ဘာ လ ၁၃ ရက်နေ့  က  ပြင်သစ် နိုင်ငံ ပါရီ မြို့ အသေခံ လုပ်ကြံ တိုက်ခိုက် မှု
မှာ အဓိက ကျတဲ့ ဆာလာ အဘ်ဒီဆာလမ် ကို အခု ထိ ဖမ်းမ မိ နိုင် သေး ဘဲ ဖြစ်နေ
ပါတယ်။

ဘယ်(လ)ဂျီယံ မှာ မွေး ပြီး ပြင်သစ် နိုင်ငံ သား ခံယူထားသူ ဆာလာ ဟာ ပါရီ တိုက်
ခိုက် မှု ကို ကြိုး ကိုင် ခဲ့ တဲ့ အဘ်ဒယ် ဟာမစ် အဘာအုဒ် နဲ့  လည်း ရင်းနှီး သူ ဖြစ်ပါ
တယ်။
အဘာအုဒ် ဟာ ဆီးရီးယား နိုင်ငံ ထဲ မှ အခြေစိုက် ထား တဲ့ IS စစ်သွေးကြွ အကြမ်း
ဖက် သမား တွေ နဲ့  ရင်းနှီးသူ ဖြစ်ပါတယ်။ 

ဆာလာ က တော့ အရက်ဆိုင် ဖွင့် ခဲ့ ဖူးသူ ဖြစ် ပြီး အရက်၊ဆေးလိပ်၊ ကပွဲ တွေ နဲ့ 
လောင်းကစား ကြိုက် သူ အပြင် မြာ ပွေ သူ လည်း ဖြစ်တယ် လို့  သူငယ် ချင် တွေ က
ပြော ပါတယ်။

သူ့  အကို မိုဟာမက် ကတော့ သူ့  ကို သေသွား တာ မမြင်ချင် ဘူး သူ လုပ် ခဲ့ တဲ့
ပြစ်ဒဏ် တွေ အတွက် ထောင် ထဲ မှာ အပြစ် ပေး ဆပ် နေတာ ကို ပဲ မြင် ချင်တယ်
လို့  ပြောပါတယ်။

တနင်္ဂနွေ နေ့  နဲ့  တနင်္လာ နေ့  ပိုင် မှာ ဘယ်(လ)ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့ ရဲ့
နေရာ အတော် များ များ ကို ပိတ် ဆို့  စီးနင်း မှု တွေ လုပ် ခဲ့ ပေမယ့် ဆာလာ ကို
ရှာမတွေ့  သေးဘူး ဖြစ်နေ ပါတယ်။

ပါရီ ရဲ ဌာန က ဒီနေ့  ထုတ်ပြန် တဲ့ သတင်းမှာ တော့ ပါရီ တိုက်ခိုက်မှု မှာ ပါဝင် ခဲ့
သူ တွေ ဟာ စစ်သင်တန်း လို မျိုး ထိ ကို တက်ရောက် ခဲ့ ပြီး မှာ ဒီအကြမ်း ဖက်မှု
မှာ ပါဝင်ခဲ့ တာ ဖြစ်တယ် လို့  ပြောပါတယ်။ 

ဒီလောက် ပိုက်စိပ် တိုက် ဖမ်းနေ ရက် ကို မှ မမိတာ ဆာလာ မှာ စနစ် တစ် ကျ နဲ့ 
ကူ ညီနေ သူ တွေ ရှိ နေ လို့  လွတ်မြောက် နေတာ လို့  ပြောပါတယ်။ ဘယ်(လ)ဂျီယံ
ရဲ  က သတင်း အတိ အ ကျနဲ့  စီးနင်း ရာ မှာ ဆာလာ ကို မမိ ဘဲ အခြား သံသယ ရှိ
သူ တွေ ကို သာ ဖမ်းမိ ခဲ့ ပါတယ်။

တစ်ချိန် တည်း မှာ ပြင်သစ် က လည်း ချားလ်ဒီဂေါလ် လေယာဉ် တင် သင်္ဘော ကြီး
နဲ့ IS တွေ ကို  တိုက် ခိုက် နေ သလို  အမေရိကန် က လည်း IS တွေ ရဲ့ ဆီ ဗောက်ဆာ
ကား ၂၀၀ ကျော် ကို ဖျက် ဆီး နိုင်ခဲ့ တယ် လို့  ပြောပါတယ်။

_86831174_86831173

Advertisements