မိုဆူလ် မြို့ သိမ်း တိုက်ပွဲ စပြီ

IS တပ်ဖွဲ့  တွေ သိမ်း ပိုက်ထား တဲ့ အီရတ် မြောက်ပိုင်း က မိုဆူလ် မြို့  ကို အီရတ် အစိုးရ တပ် တွေ က စတင် ထိုးစစ် ဆင်နေ ပါ ပြီ။ အမေရိကန် နဲ့  ညွန့် ပေါင်း အဖွဲ့  တွေ ရဲ့  လေကြောင်း ကနေ အပြင်းအထန် တိုက်ခိုက် ထားတာကြောင့် တပ် တွေ တော်တော် လေး ကသောင်း ကနင်း ဖြစ်နေ ပေမယ့် အီရတ် အစိုးရ တပ် တွေ ကို ခုခံ နိုင်မယ့် ပုံ ရှိ တယ် လို့  ဘဂ္ဂဒက် ကလာ တဲ့ သတင်း တွေ မှာ နိုင်ငံခြား သတင်း ထောက် တွေ က သုံး သပ် ထား ပါတယ်။

 
ISတပ် ဖွဲ့  တွေ က မိုဆူလ် ကို နှစ် နှစ် ကျော် ကြာ သိမ်း ပိုက် ထား တာ ဖြစ် ပြီ အီရတ် အစိုး ရ တပ် တွေ က မြို့  ကို ပြန် ရ ဖို့  အရင် က ကြိုး စား ခဲ့ ပေမယ့်  အောင် မြင် မှု မရ ရှိ ခဲ့ ပါဘူး။
 
အီရတ် အစိုးရ တပ် တွေ ဟာ မြို့  ရဲ့  ဆယ်မိုင် ခန့်  အကွာ ကို ရောက် ရှိ နေ ပြီ မြို့  ပြင် က IS ကာကင်း စခန်း တွေ ကို သိမ်းပိုက် နိုင် ပြီ လို့  ပြော ပါတယ်။
 
မြို့  နဲ့  မိုင် ၃၀ လောက် အကွာ ကနေ တိုက် ခိုက် သံ တွေ ကြား နေ ရ ပြီ လို့  လဲ သတင်း တွေ မှာ ဆို ပါတယ်။
 
ဇွန် လ က အီရတ် တပ် ဖွဲ့  တွေ ဟာ ဖာလူဂျာ မြို့  ကို IS တပ် တွေ ဆီ က ပြန် လည် သိမ်းပိုက် နိုင်ခဲ့ ပါတယ်။
Advertisements