အာဏာရ ပါတီ ခေါင်းဆောင် တွေ စီးဖို့  အတွက် မာစီးဒီး ဘင့်(ဇ) မော်တော် ကား ၁၄ စီး ရောက်ရှိ

NLD ပါတီ ခေါင်းဆောင် တွေ နဲ့  အစိုးရ အဖွဲ့  က ထိပ်တန်း အရာရှိ တွေ စီးဖို့  ဂျာမဏီ နိုင်ငံ က နေ တိုက်ရိုက် မှာ ယူ ထား တဲ့ Mercedes Benz E Class အမျိုး အစား မော်တော် ကား တစ် ဒါဇင် ကျော် ဟာ တနင်္လာ နေ့  က ရန်ကုန် မြို့  ကို ဆိုက်ရောက် လာ ပြီ ဖြစ်တယ် လို့  အကောက်ခွန် ဦးစီး ဌာန က အမည် မဖော် လို သူ တစ်ဦး က FNG ကို ပြော ပါတယ်။

မော်တော် ကား တွေ ကို ဒီသီတင်းပတ် အတွင်း မှာ ပဲ ရန်ကုန် မြို့  နဲ့  နေ
ပြည်တော် ကို ပို့  ဆောင် ပေး ရမှာ ဖြစ် ပြီး မော်တော်ကား တွေ အတွက် ကို ရန်ကုန် တိုင်း ရဲ တပ် ဖွဲ့  က ရဲ အရာ ရှိ နှစ်ဦး က နေ့ စဉ် စောင့် ကြပ် ကြည့် ရှု နေ တယ် လို့  သိရ ပါတယ်။

ကျဉ်ကား မှန် နဲ့  အထူး ပြင်ဆင် ထား တဲ့ မာစီးဒီး ဟာ ဒေါ်လာ တစ်သိန်း ကျော် ကျ သင့် မှာ ဖြစ် ပြီး ကျဉ် ကာ စနစ် မပါ တဲ့ ကား တွေ က တော့ ဒေါ်လာ ခုနှစ်
သောင်း ပျော့  ပျော့ လောက် ကျ သင့် မှာ ဖြစ် ပါတယ်။

ဒီမော်တော် ကား တွေ ကို ၂၀၁၆ ခုနှစ် သြဂုတ် လ လောက် မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မာစီဒီး ကုမ္ပဏီက အရာရှိ တစ်ချို့  နဲ့  ရန်ကုန် မြို့  မှာ တွေ့  ဆုံ ပြီး စိတ် ကြိုက် ဒီဇိုင်း ဆွဲ မှာ ယူ ထား တာ ဖြစ်တယ် လို့  ဆို ပါတယ်။

မော်တော်ကား ခြောက် စီး အတွက် ကျ သင့် ငွေ ကို စီးပွားရေး လုပ်ငန်းရှင် ဦး
တေဇ နဲ့  ဦးဇော်ဇော် က စိုက်ထည့် မတည် တယ် ဆိုပေမယ့် FNG က ဒီသီတင်း ကို တော့ သီးခြား အတည် ပြု လို့ မရ ရှိ သေးဘူး ဖြစ်ပါတယ်။

Advertisements