အစွန်း ရောက် တွေ နဲ့  ဦးကိုနီ အဆက်အသွယ် ရှိ စစ်ဘက် အဆင့် မြင့် အရာ ရှိ တစ်ဦး အပိုလို ကို ပြော

လေဆိပ်မှာ ပစ်သတ် ခံ လိုက်ရ တဲ့ ဦးကိုနီ နဲ့  ပတ်သက် ပြီး အပိုလို သတင်း အုပ်စု က ရရှိ တဲ့ သတင်း တစ်ခု က တော့ အတော် လေး ကို ထိလွယ် ရှိ လွယ် နိုင် လောက် ပါတယ်။

သို့  ပေ သော် ငြား လည်း သတင်း တိုင်း မှာ ၃၆၀ ဒီဂရီ ထောင့် ပေါင်းစုံ ရှိ တာ ကြောင့် သိ တာ ကို အသိ အတိုင်း ကြား တာ ကို အကြား အတိုင်း
ဖော်ပြ ရမယ် ဆိုရင် ဦးကိုနီ ဟာ အင်ဒို နီးရှား ဂျာမား အစ္စလာမီးယား လို့  ခေါ် တဲ့ အစွန်း ရောက် မွတ်ဆလင် တွေ ရဲ့  မြေ ပေါ် အဖွဲ့  အစည်း က ပုဂ္ဂိုလ် တွေ ၊ ဆော်ဒီ အာရေးဗီးယား လို နိုင်ငံ က ဘာသာရေး အစွန်း ရောက် တွေ နေ ဆက်သွယ် မှု ရှိ တယ် လို့  မြန်မာ စစ်တပ် အဆင့် မြင့် အရာရှိ ကြီး တစ်ဦး က FNG ကို ပြော ပါတယ်။
ဒီလို ဆက်သွယ် ရာ မှာ သူ့  မိသားစု ၀င် တွေ မသိဘဲ ၊ သူ့  ကို အမြဲ တမ်း
ထောက်လှမ်း နေရ တဲ့ သူ တောင် မသိရှိ နိုင် ဘဲ လျှို့  ၀ှက် ဆက်သွယ် မှု တွေ ပြု နိုင် ခဲ့ တယ် လို့  သိရ ပါတယ်။
၂၀၀၂ ခုနှစ် ဘာလီ ကျွန်း ညကလပ် ဗုံးခွဲ မှု လက်သည် Jemmah Islamiyah ဟာ မြန်မာ နိုင်ငံ တွင်း မှာ သူတို့  ရဲ့ ကလပ်စည်း တွေ ထား
နိုင် ဖို့  ၂၀၁၄ ခုနှစ် လောက် ကတည်း က ခြေလှမ်း ပြင် လာ ပြီး မြန်မာ နိုင်ငံ တွင်း က နိုင်ငံ ရေး သမား တွေ သာ မက အလွှာ ပေါင်းစုံ က မွတ်ဆလင် ဘာသာဝင် တွေ နဲ့  ထိတွေ့  ဆက်သွယ် ခဲ့ တယ် လို့  ရဲ အရာရှိ တစ်ဦး က ပြော ပါတယ်။
ဦးကိုနီ ဟာ အကြမ်းဖက် အယူအဆ ကို လက်ခံ အားပေးမယ့် သူ တစ်
ယောက် မဟုတ်သော် ငြား လည်း သူ့  မှာ နိုင်ငံ တကာ နဲ့  ပတ်သက် လာ
ရင် ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟာမက် ဘင် နေယဖ် ရုံး က အရာရှိ တွေ နဲ့  အဆက် အသွယ် ရှိ တယ် လို့  ဆို ပါတယ်။
တစ်ခါ မှာ တော့ ဦးကိုနီ ရဲ့  အဆက်အသွယ် တွေ နဲ့  ပေါက်သက် ပြီး စစ်တပ် က ထောက်လှမ်း သိရှိ ရတဲ့ သတင်း တွေ ဟာ တစ်စ တစ်စ ပေါက်
ကြား မှု ဖြစ်သွား ပြီး ပိုပြီး တော့ နဲနဲ အစွန်း ရောက် တဲ့ စစ်တပ် အရာရှိ တွေ ဆီ ကို ပေါက် ကြား သွား ရာ က နေ ဒီလို ကိစ္စ မျိုး ဖြစ်လာ တာ
လို့  ဆိုပါတယ်။
ဦးကိုနီ ဟာ မလေးရှား ၀န်ကြီး နာဂျစ် ရဲ့  အရာ ရှိ တွေ နဲ့  အဆက်အသွယ် ရှိ သူ တစ်ယောက် လို့  သိရ ပါတယ်။
ဦးကိုနီ ရဲ့  အစ္စလာမ် မစ် အဖွဲ့  အစည်း တွေ နဲ့  ချိန်ဆက်
လှုပ်ရှား ပုံ တွေ ဟာ တစ်ချိန် မှာ ချိန် ကိုက် ပြီး လှုပ်ရှား မဲ့ ဆောင်ရွက် မှု
သဘော မျိုး ဆောင် နေတဲ့ အကြောင်း ကို လည်း သူတို့  ရရှိ တဲ့ သတင်း
တွေ ကို ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၆ ခုနှစ် အကုန် လောက် မှာ အသိပေး ခဲ့ တယ် လို့  မြန်မာ စစ်တပ် အရာ ရှိ ကြီး က ပြော ပါတယ်။
ဦးကိုနီ ရဲ့  လှုပ်ရှား မှု နဲ့  ပတ်သက် ပြီး အတော့် ကို စစ်ထောက်လှမ်းရေး က ထိမ်းထိမ်းသိမ်း လုပ် ခဲ့ ပါတယ်။ ဒါပေမယ့် အစွန်း ရောက် တဲ့ သူဆို တာ တောထဲ တောင် ထဲ မှ မဟုတ် ဘူး ၊ အစိုးရ အဖွဲ့  ထဲ မှာ ရော စစ်တတပ်ထဲ မှာ ရော ၊ ရဲ ထဲ မှာ ရော ၊ ဘုန်းကြီး တွေ ထဲ မှာ ရော ရှိ တယ် ကို___ ရေ လို့  အပိုလို သတင်း ဌာန ကို ပြောပါတယ်။
အဲဒီ အရာရှိ က ဘဲ အပိုလို သတင်းဌာန ကို ဆက် ပြီး တော့ ပြောကြားရာ
မှာ စစ်ထောက်လှမ်း ရေး က ဦးကိုနီ ကို စောင့်ကြည့် – သတင်းပို့  အဆင့် မှာ ပဲ သတ်မှတ် ထား တာ ပါ။ ဒီထက် မပိုဘူး လို့  ထပ်လောင်း ပြော ပါတယ်။
Advertisements