အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ကို အိုဘားမား ထက် သာ တဲ့ ဂုဏ် ပြု မှု တွေ ကြို ဖို့  ဒေါ်စု နဲ့  စစ်တပ် စီစဉ် နေ

နိုဝင်ဘာလ ၁၅ ရက်နေ့  အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး Rex Tillerson မြန်မာ ပြည် လာ တဲ့ အခါ အမြောက် ပစ်ဖောက် ပြီး တော့ နဲ့ 
ကော်ဇောနီ မှာ ဆို ရင် ရွှေနား ကွပ် ပြီး ကြို ဆို ဖို့  တောင် ဒေါ်အောင်ဆန်းစုကြည် နဲ့  မြန်မာ စစ်တပ် က စီစဉ် နေ တယ် လို့  နေ ပြည်တော် က လာ

တဲ့ သတင်း တွေ အရ သိရ ပါတယ်။
 
အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟာ သမ္မတ ထရမ့် ရဲ့  အာရှ ခရီးစဉ် နဲ့  အတူ လိုက် ပါ နေ တာ ဖြစ် ပြီး သမ္မတ ထရမ့် ရဲ့  ဗီယက်နမ် ခရီး အပြီး
ပြည်တော် ပြန် ချိန် မှာ တော့ ၀န်ကြီး တေလာဆင် က မြန်မာ ဘက် ကို လှည့် ၀င် မှာ ဖြစ်ပါတယ်။
 
မြန်မာ စစ်တပ် ရဲ့  လူမျိုး တုန်းသတ်ဖြတ်မှု လောက် ဖြစ်နေတဲ့ ရာဇ၀တ်
မှု တွေ နဲ့  ပတ်သက် ပြီး ကန် ၀န် ကြီး က မြန်မာ ပြည် ကို လာ တာ ဖြစ်ပါတယ်။
Obama-and-Suu-Kyi-at-White-House-1.jpg
 
အမေရိကန် ကွန်ဂရက် မှာ ဆိုရင် နှစ်ပါတီ စလုံး က လွှတ်တော် အမတ်
တွေ က မြန်မာ ပြည်ကို ပိတ် ဆို့  မှု တွေ လုပ်ချင် နေကြ တာ ပါ။
 
ဝန်ကြီး တေလာဆင် က တော့ သမ္မတ ထရမ့် ရဲ့  ညွှန်ကြား ချက် အရ မြန်မာ နိုင်ငံ ဘက် က အခြေ အနေ တွေ အားလုံး ကို အသေးစိတ် သိရှိ နိုင် ဖို့  လာရောက် တာ ဖြစ်ပါတယ်။
 
တစ်ချိန် က မြန်မာ ဟာ ပထ၀ီ နိုင်ငံရေး အရ တရုတ် ကို ကာဆီး ထား နိုင် ဖို့  အရေး ပါ ခဲ့ ပေမယ့် လက်ရှိ ပထ၀ီ နိုင်ငံ ရေး မှာ တော့ တောင် တရုတ် ပင် လယ် နဲ့  အရှေ့  ဖျား နိုင်ငံ တွေ ဖြစ်တဲ့ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ထိုင် ၀မ် နဲ့  တောင်ကိုရီးယား လို မျိုး က အမေရိကန် အတွက် ပို အရေး ပါ တဲ့ အတွက် အမေရိကန် အစိုးရ အနေ နဲ့  မြန်မာ ကို ပိတ် ဆို တာ ပဲ ဖြစ် ဖြစ်
ဆက်ဆံ ရေး မကောင်း တော့ တာ ပဲ ဖြစ်ဖြစ် ကို သိပ်တော့ ဂရု စိုက်မနေ တော့  ပါဘူး။
 
သမ္မတ ဟောင်း အိုဘား မား ရဲ့  မြန်မာ နိုင်ငံ ခရီး စဉ် နှစ် ခေါက် စလုံး မှာ
မြန်မာ သမ္မတ ဦးသိန်းစိန် က ခမ်းခမ်းနား ကြို ခဲ့ တာထက် စာ ရင် မလျှော့ အောင် မြန်မာ အစိုးရ က စီစဉ် နေ တာပါ။
 
မြန်မာ အစိုးရ အနေ နဲ့  အမေရိကန် ပိတ် ဆို့  လိုက် ရင် စီးပွား ရေး တွေ
နှေးကွေးသွား ပြီး ပါတီ ရဲ့  ရွေးကောက်ပွဲ အိပ်မက် ပျက် ပြယ် သွား မှာ စိုးရိမ် တာ ကြောင့် ကန်ဝန်ကြီး ကို ခမ်းခမ်းနားနား ကြို ချင် ပုံ ရပေမယ့်
စစ်တပ် က တော့ သူ တို့  ရဲ့  ဓန အင်အား နဲ့  ဆွေ မျိုး သား ချင်း တွေ အမေရိကန် ကို ဖြန့် ကျက် ချင်တာ ကြောင့် ပါ။
 
အရင် ကတော့ နိုင်ငံ ခေါင်းဆောင် တွေ လာ မှ သာ အမြောက် ဖောက် ပြီး ကြို ပေမယ့် ဒီတစ်ခါ မှာ တော့ နိုင်ငံ ခြား ရေး ၀န်ကြီး ကို ပထမ ဦး ဆုံး
အကြိမ် အမြောက် ဖောက် ကြို မှာ ဖြစ်ပါတယ်။
 
Advertisements