ဇင်ဘာ ဘွေ မှာ စစ်တပ် အာဏာ သိမ်း ပြီး ရောဘတ် မူဂါဖို့  ဖယ်ရှား

Update နှစ် ၃၀ ကျော်ကြာ ဇင်ဘာဘွေ ကို အုပ်ချုပ် လာခဲ့ တဲ့ အာဏာရှင် ရောဘတ် မူဂါဘီ ရဲ့  အစိုးရ ဟာ နိဌိတံ သွား ပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက် မှာ ဇင်ဘာဘွေ စစ်တပ် က အစိုးရ အဆောက် အဦ တွေ ကို ပိတ် ဆို့  ထား လိုက် ပြီး မူဂါဘီ အစိုးရ အဖွဲ့  ထဲ က အင်္ဂနာတီယစ် ချောမ် ဘို ကို လည်း ဖမ်းဆီးထား လိုက်ပါတယ်။ မူဂါဘီ နဲ့  သူ့ ဇနီ ဂရေစ် မူဂါဘီ တို့  ကို ဘယ်နေရာ မှာ ဖမ်းဆီးထား လဲ ဆိုတာ ကို ဘယ်သူ မှ မသိကြ ပေမယ့် မူဂါဘီ ရဲ့  သမ္မတ စံအိမ်တော် မှာ တော့ ဘယ်သူ မှ မရှိ ကြ တော့ ဘူးလို့  သတင်း တွေ မှာ ဆို ပါတယ်။

မူဂါဘီ ရဲ့  အစောင့် ရဲ တပ်ဖွဲ့  ကို တိုက်ရိုက် ကွပ်ကဲ တဲ့ ဟာရာရေး ရဲ ချုပ် ကို လည်း စစ်တပ် က ဖမ်းဆီး လိုက် ပါတယ်။ သူ ဟာ စစ်တပ် ကို ပြန်လည် ပစ်ခတ် ဖို့  အိမ်တော် တာဝန် ကျ ရဲမှုး ကို အမိန့် ပေး ခဲ့ တာ ကြောင့် လို့  ပြောပါတယ်။
အသက် ၉၃ နှစ် ရှိ ဖြစ်တဲ့ သမ္မတ ရောဘတ် မူဂါဘီ နဲ့  စစ်တပ် အကြား

ပြင်းထန် တဲ့ တင်း မှာ မှု ကို ဇင်ဘာဘွေ နိုင်ငံ မှာ ဆယ် စု နှစ် ပေါင်း
များ စွာ အတွင်း ပထမ ဦးဆုံး အကြိမ် တွေ့ ရ တာ ဖြစ်ပါတယ်။

 

အာဏာရှင် ရောဘတ် မူဂါဘီ က သူ့  ရဲ့  ဒုသမ္မတ ကို အီမာဆန် မန်ဂါဝမ် ကို ရာထူး က နေ ဖယ်ရှား လိုက် ပြီး နောက် ဇင်ဘာဘွေ စစ်တပ် ရဲ့  စစ်ဦးစီးချုပ် ကွန်စတန်တီနို ချေဝန်ဂါး က နိုင်ငံရေး မှာ စစ်တပ် ပါ မှ ဖြစ်တော့မယ် လို့  ဆို တဲ့ သတိ ပေး စကား ပြော ကြား ပြီး အစိုးရ နဲ့  စစ်တပ် အကြား တင်း မာ မှု တွေ ဖြစ်လာတာပါ။
3000

Photograph: Tsvangirayi Mukwazhi/AP via The Guardian

ချေဝန်းဂါး က ဒုသမ္မတ ကို ထောက်ခံ သူ ဖြစ် ပြီး ဒုတိယ သမ္မတ အီမာဆန် က မူဂါဘီ ရဲ့  သူ့  အရိုက် အရာ ကို ဆက်ခံ မယ့် သူ ရွေးချယ် မှု ကို
အပြင်းအထန် ဝေဖန် ခဲ့ တာ ပါ။
1510710312659
ZANU PF ပါတီ ရဲ့  ခေါင်းဆောင် ရောဘတ် မူဂါဘီ ဟာ ၁၉၈၇ ခုနှစ် ထဲ က နိုင်ငံ အာဏာ ကို ထိမ်းချုပ် လာခဲ့ တာ ဖြစ် ပြီး သူ့ ရဲ့  သက်တမ်း တစ်လျှောက် မှာ မော်ဂန် ဆဗန်ဂီရိုင်း တို့  လို အတိုက်အခံ တွေ ကို ရှင်းလင်း နိုင်ခဲ့
ပြီး စစ်တပ် ရဲ့  ထောက်ခံ မှု ကို လည်း ရ ၊ သူ ကိုယ်တိုင် လည်း စစ်တပ် ကို ကောင်းကောင်း ထိမ်း ချုပ် နိုင် ခဲ့ သူ ဖြစ်ပါတယ်။
လက်ရှိ စစ်တပ် အကြီး အကဲ ကွန်စတန်တီနို ချေဝန်းဂါး ကိုယ် တိုင် မူဂါဘီ ရဲ့  နောက် လိုက် တစ်ယောက် ဖြစ်ခဲ့ ပြီး မူဂါဘီ က သူ့  ကို စိတ် ချ ယုံ
ကြည် လို့  စစ်တပ် အကြီး အကဲ ရာ ထူး ပေးခဲ့ တာပါ။
1510706219268
တနင်္လာနေ့  အစောပိုင်း က မြို့  တော် ဟာ ရာ ဟေး မှာ ပေါက် ကွဲ မှု တွေ သုံး လေး ခု မက ဖြစ်ခဲ့ ပြီး စစ်ယာဉ်တန်း တွေ က နိုင်ငံ ရဲ့  အဓိက
ရုပ်သံ ကို ၀င်ရောက် ထိမ်းချုပ် နိုင်ခဲ့ ပါတယ်။
တစ်ချို့  သတင်း တွေ မှာ သတင်း စာ တိုက် အချို့  ကို ပိတ် ဆို့  ထား တယ် လို့  လည်း ဖော် ပြ ထား ပါတယ်။
ဗုဒ္ဓ ဟူး နေ့  နံနက် အစော ပိုင်း မှာ စစ်တပ် အရာ ရှိ တစ်ဦး က သူတို့  ထိမ်းချုပ် ထား တဲ့ သတင်းက နေ ကြေငြာ ရာ မှာ ရောဘတ် မူဂါဘီ ဟာ
လုံလုံခြုံ ခြုံ နဲ့  ရှိ နေ ပြီး စစ်တပ် က အာဏာ သိမ်းတာ မဟုတ် ပါ လို့ 
ပြော ပါတယ်။
အဲဒီ ဗိုလ်မှုး ကြီး က နေ ဆက် ပြီး တော့ သမ္မတ ဟာ သူ့ ရဲ့  ရာ ထူး အတိုင်း ဆက်ရှိ နေ ပြီး ပြည်သူ တွေ ငြိမ်ငြိမ် သက်သက် ရှိ ကြ ပါ လို့  ပန်
ကြား ခဲ့ ပါတယ်။
မျက် မြင် တွေ့  ရ သူ တွေ က တော့ စစ်ကားတန်း တွေ ဟာ သမ္မတ အိမ်
တော် ကို ၀င် ရောက် ရာ မှာ ပြင်းထန် တဲ့ ပစ်ခတ် မှု တွေ ဖြစ်ခဲ့ ပြီး
သမ္မတ အိမ် နေ ရာ စစ်ကား တွေ အလုံး အရင်း နဲ့  ပိတ်ဆို့  ထား တယ် လို့  ဆိုပါတယ်။
အီးယူ ၊ ဗြိတိသျှ နဲ့  အမေရိကန် က တော့ သူ့  နိုင်ငံ သား တွေ ကို အိမ်
ထဲ မှာ နေကြ ဖို့  သတိပေးထားပါတယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s