အခွန်ကောက်ခံ မှု စနစ် ပြင် ဆင် ချက် ကြောင့် အမေရိကန် ရောက် မြန်မာ တွေ ပို ပြီး ချမ်းသာ တော့ မည်

အခွန်ကောက်ခံ တဲ့ စနစ် ကို ပြင်ဆင် ပြောင်း လဲ မယ့် ဥပေဒ ကြမ်း ကို ဒီနေ့  အောက်လွှတ်တော် က အတည် ပြု လိုက် ပြီး အထက် လွှတ်တော် ငွေကြေး ဆိုင် ရာ ကော်မတီက လည်း ဒီဥပဒေ ကို အထက် လွှတ်တော် မှာ မဲ ခွဲ ဆုံး ဖြတ် ဖို့  အတည် ပြု လိုက် ပါတယ်။

 
အခွန်ကောက် ခံ မှု စနစ် ပြင် ဆင် ပြောင်းလဲ မှု ကြောင့် ဘဏ္ဍာ ရေး တစ်နှစ် တာ ကာလ အတွင်း မှာ အစိုးရ က လူလတ် တန်းစား တွေ အသေးစား လုပ် ငန်း ရှင် တွေ ဆီ က အခွန် ကို ၁.၄ ထရီလီယန် အထိ လျှော့  ကောက် ပြီး ဖြစ်မယ် လို့  လွှတ်တော် ဥက္ကဌ ပေါလ် ရို်င်ယန် က ပြောပါတယ်။
ဒီ ဥပဒေ ကြောင့် ချမ်းသာ တဲ့ သူ တွေ ကြီးမား တဲ့ လုပ်ငန်းစု ကော်ပို ရေးရှင်း တွေ ဟာ မူလ ထက် အခွန် ပို ပေး ဆောင် ရ မှာ ဖြစ်ပါတယ်။
သမ္မတ ရော်နယ် ရေဂင် လက်ထက် မှာ အခွန် ပြု ပြင် ပြောင်းလဲ ကောက်ခံ မှု စနစ် သစ် ကို ဖော် ဆောင် နိုင်ခဲ့ ပြီး ဒီဥပဒေ ကြောင်း လည်း အမေရိကန် တွေ ဟာ ၁၉၈၀ ပြည့် လွန် ကာ လ တွေ မှာ ပိုပြီး တော့ ချမ်း သာ ကြွယ် ၀လာ ပါတယ်။
trump taxes.png
အခွန် ကောက်ခံ တဲ့ စနစ် ကို ပြောင်းလဲ ပစ်မယ် ဆိုတာ သမ္မတ ထရမ့် ရဲ့  ရွေးကောက် ပွဲ မဲ ဆွယ် မှု လည်း ဖြစ် ပြီး ဒီနေ့ မနက် မှာ တော့ သမ္မတ က အမေရိကန် တွေ ဟာ ကြီး လေး တဲ့ အခွန် ထမ်းဆောင် မှု စနစ် အောက် က မကြာခင် ကင်းလွတ် တော့ မှာ ဖြစ် ပြီး အမေရိကန် တို့  ရဲ့  အိပ်မက် ကလည်း မကြာခင် အသက် ပြန် ၀င် လာ လိမ့် မယ် လို့  ပြော ပါတယ်။
အခွန်ကောက်ခံ မှု စနစ် ပြင်ဆင် ချက် ကို ယခင် ရီပတ် ဘလီကန် သမ္မတ တွေ အားထုတ် ခဲ့ ဖူးပေမယ့် အထ မမြောက် ခဲ့ ပါဘူး။ သမ္မတ ရဲ့  အခွန် ဥပဒေ ကြမ်း ကို အောက် လွှတ်တော် မှာ ၂၂၇ မဲ နဲ့  အတည် ပြု နိုင် ခဲ့ တာပါ။
အခွန် ဥပဒေ ပြင် ဆင် ချက် ကြောင့် အိုဘားမား ရေး ကျန်းမာရေး စောင့် ရှောက် မှု စနစ် က အာမခံ မ၀ယ် မနေ ရ စနစ် တို့  ၊ ကျန်းမာရေး အာမခံ မ၀ယ် ရင် ဒဏ် ငွေ ဆောင် ရမယ် ဆို တာ မျိုး တွေ ဟာ အလိုလို ပြီး ဆုံး သွား မှာ ဖြစ်ပါတယ်။
သမ္မတ ထရမ့် ရဲ အခွန် ပြင် ဆင် ပြောင်းလဲ ကောက်ခံ မှု က တစ်နှစ် ကို ၀င်ငွေ (တစ်ဦးချင်း နှစ်သောင်း ငါးထောင်) ( လင်မယား ငါးသောင်း)
ထက် နည်း တဲ့ သူ တွေ ဟာ ဗဟို အစိုးရ ကနေ အခွန် ကောက်ခံ မှု မှ လုံးဝ ကင်းလွတ် ခွင့် ရရှိ မှာ ဖြစ်ပါတယ်။
ဆီးနိတ် က ဒီဥပဒေ ကို အတည် ပြု ပြီး ရင် သမ္မတ က ခရစ်စ္စမတ် နေ့ 
မှာ ဒီကရီ တစ်ရပ် အနေ နဲ့  လက် မှတ် ရေး ထိုး ပြီး နောက် တစ်ေ န့  မှာ တော့ ဥပဒေ အဖြစ် အတည် ပြု ပြဌာန်း ပြီး ဆင်းရဲသား ၀င် ငွေ နည်း တွေ ကို ဗဟိုအစိုးရ အခွန်ကောက်ခံ မှု ရပ်ဆိုင်း လိုက် တော့ မှာ ဖြစ်ပါတယ်
Advertisements