မင်းသမီး ရှရွန် တိတ် နဲ့  လူခုနှစ် ဦး ကို သတ် ဖြတ် ခဲ့သည့် စိတ္တဇ ၀ါဒမှိုင်း သွင်း လူသတ် သမား ချားမေဆန် ကွယ် လွန်

အမေရိကန် သမိုင်း မှာ အရက်စက်ဆုံး လူသတ် သမား အဖြစ် ကျော်ကြား ခဲ့ ချားလ် မေဆန် ဟာ အသက် ၈၃ နှစ် အရွယ် မှာ LA က ဆေးရုံ တစ်ခု မှာ ကွယ် လွန် သွား ခဲ့ ပါတယ်။

ဖခင် ဘယ်သူလဲ ဆိုတာ မသိတဲ့ ပြည့်တန့် ဆာ အမျိုး သမီး တစ်ဦး ရဲ့  သား ဖြစ်တဲ့ မေဆန် ဟာ အသက် ၁၁ နှစ် အရွယ် က စလို့  ခိုးမှု ၊ လုယက်မှု ၊ ချက် လက် မှတ် အတု ပြု လုပ် မှု တွေ ကြောင့် ထောင်ထဲ ကို ၀င်လိုက် ထွက် လိုက် လုပ်နေရာ က နေ Beach Boys အဖွဲ့  နဲ့  တွဲ ပြီး တေးသီ
ချင်း ထုတ် ဖို့  စီစဉ် ခဲ့ ပေမယ့် သူ့  ရဲ့  ရာဇ၀တ် မှု နောက်ခံ ကြောင့် အဲဒီ အဖွဲ့  ရဲ့  ပရိုဂျူ ဆာ Terry Melche က ဓာတ်ပြား ထုတ် ပေး ဖို့  ငြင်းပယ်
ခဲ့ ပါတယ်။
(မေဆန် ဟာ Beach Boys အဖွဲ့  ဒရမ် သမား နဲ့  ရင်းနှီး တဲ့ သူ ငယ်ချင်း တွေ ဖြစ် ပြီး Beach Boys အဖွဲ့  နာမည် ကျော် သီချင်း တစ်ပုဒ် ဖြစ်တဲ့
Never Learn the Love အချ စ် ကို ဘယ်တော့ မှ သင်ယူ ဖို့  မကြိုးစား နဲ့  ဆို တဲ့ သီချင်း ရဲ့  စာသား အချို့  ဟာ သူ ရေး ခဲ့ တာ ဖြစ်ပါတယ်)
မေဆန် ဟာ သူ့  ကို ဓာတ်ပြား ထုတ် ပေး ဖို့  ငြင်းဆန် ခဲ့ တဲ့ ပရိုဂျူ ဆာတယ်ရီ ရဲ့  ဘီဗာလီ ဟေး အိမ် ကို သူ့  ရဲ့  နောက်လိုက် နောက်ပါ အမျိုးသမီး သုံး ဦး နဲ့  သတ်ဖြတ် ဖို့  သြဂုတ်လ ၉ ရက် ၁၉၆၉ ခုနှစ် မှာ သွား ရောက် ခဲ့ ပြီး တယ်ရီ က ပြောင်း ရွှေ့  သွား ပြီ ဖြစ်တဲ့ အတွက် အဲဒီ အိမ် မှာ ရှိ တဲ့ ရုပ် ရှင် မင်း သမီး ရှရွန် တိတ် နဲ့  မိတ် ဆွေ နှစ် ဦး ကို ရက် ရက် စက် စက် သတ် ဖြတ် ခဲ့ တာ ဖြစ်ပါတယ်။

ရှရွန် တိတ် ဟာ ဒါရိုက် တာ ရိုမန် ပိုလန် စကီး ရဲ့  ဇနီး ဖြစ် ပြီး အသတ် ခံရ ချိန် မှာ နေ့ စေ့ လ စေ့ ကိုယ်ဝန် နဲ့  ဖြစ်ပါတယ်။

နောက်တစ်နေ့ မှာ တော့ မေဆန် နဲ့  သူ့  ရဲ့  အစွန်းရောက် ၀ါဒ ကို ယုံကြည် တဲ့ တပည့် တပန်း တွေ ဟာ ကုန်ပဒေသာ ဆိုင် ပိုင် ရှင် သူဌေးကြီး
La Bianca ရဲ့  ဇနီး နဲ့  မိသားစု ၀င် တွေ ကို သတ်ဖြတ် ခဲ့ ကြ ပါတယ်။
မေဆန် ဟာ ရှရွန် တိတ် နဲ့  လာ ဘီယန် ကာ တို့  ကို သတ် ဖြတ် ပြီး နောက် မှာ လူမည်း တွေ က လူ ဖြူ တွေ ကို သတ် တယ် လို့  အထင် ရောက် အောင် လုပ် လေ့ ရှိ သူ လည်း ဖြစ်ပါတယ်။
သူ့  ရဲ့  နောက် လိုက် တစ်ဦး ဖြစ်တဲ့ ရှရွန် အကင် က တော့ ၂၀၀ ခုနှစ် မှာ ကွယ် လွန် ခဲ့ ပြီး
နောက် လေးဦး က တော့ ထောင်ထဲ မှာ ကျ န် ရှိ နေ ပါသေးတယ်။
Advertisements